PGDB 4th Batch 1st Semster ကျောင်းအပ်နှံနိုင်ပါရန်ကြေညာခြင်းကိစ္စ။

PGDB 4th Batch 1st Semster ကျောင်းအပ်နှံနိုင်ပါရန်ကြေညာခြင်းကိစ္စ။

by Hla Hla Maw -
Number of replies: 0

·       YUDE, Economics Department မှ ဖြစ်ပါတယ်။

·       PGDB 4th Batch, 1st Semester တက်ရောက်ရန်အတွက် ကိုယ်တိုင်ကျောင်းအပ်ပါက Application Form (၂)စုံကို ကျောင်းသားရေးရာဌာနမှ ယူပြီး ဖြည့်သွင်းပြီး ဘွဲ့လက်မှတ်၊           ၁၀ တန်းအောင်လက်မှတ်၊ မှတ်ပုံတင်တို့၏ မူရင်း၊ မိတ္တူ နှစ်စုံနှင့် Passport ပုံ (၃) ပုံ တို့ကို ကျောင်းသားရေးရာဌာနတွင် တင်ပြ၍ Checked လုပ်ပြီး မော်ကွန်းထိန်း လက်မှတ်နှင့် Economics Department မှ ဌာနမှူး လက်မှတ်ကိုရရယူပြီး ဘဏ္ဍာဌာန(၂)တွင် Total- 290000K (Registration Fees 10000K, Exam Fees 30000K, Course Fees 250000K) သွင်း၍ ကျောင်းအပ်ရမည်။

·       ကိုယ်တိုင်လာမအပ်နိုင်၍ လူစားဖြင့် ကျောင်းအပ်လိုပါက Passport (၃)ပုံနှင့်အတူ ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင် လက်မှတ် (မရှိပါက အမှတ်စာရင်း) နှင့် မှတ်ပုံတင်တို့ကို မိတ္တူ (၂)စုံစီဆွဲ၍ မိတ္တူ အောက်ခြေတိုင်းတွင် “မိတ္တူမှန် ဖြစ်ပါသည်” ဟုရေးပြီး မိမိ၏ လက်မှတ်ကို ရေးထိုး၍ ရန်ကုန် အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနသို့ အမြန်ချောဖြင့် ပေးပို့ပြီး Naw Thandar Htwe 09250152501 သို့ ဆက်သွယ်၍ ကျောင်းအပ်နိုင်ပါတယ်။ အမြန်ချောဖြင့်ပေးပို့ရန် ခက်ခဲသော ဒေသမှ ဖြစ်ပါက 09250152501 သို့ Viber ဖြင့် လိုအပ်သော အချက်အလက်များ ပြည့်စုံစွာ ပေးပို့ ၍ အကူအညီ ရယူနိုင်ပါတယ်။

·       ကျောင်းအပ်လက်ခံခြင်းကို (၁.၂.၂၀၂၄ မှ ၂၃.၂.၂၀၂၄) ရက်နေ့ထိ ရုံးဖွင့်ရက် ရုံးချိန်အတွင်း အပ်နှံနိုင်ပါတယ်။

·       ကျောင်းအပ်ပြီးပါက User Name, Password နှင့် Website Link အား e-mail ဖြင့် ပြန်လည် ပေးပို့ပါမည်။  

 

စီးပွားရေးပညာဌာန

ရန်ကုန်အဝေးသင်တက္ကသိုလ်